ဇန်နဝါရီလမှ မေလအထိ တရုတ်နိုင်ငံ၏ နျူကလီးယားလျှပ်စစ်ဓါတ်အားထုတ်လုပ်မှုသည် လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၄.၅ ရာခိုင်နှုန်းတိုးလာ

(GMT+08:00)2022-06-25 11:17:43  

တရုတ်နိုင်ငံ နျူကလီးယားစွမ်းအင်လုပ်ငန်းအသင်းမှ စာရင်းအရ လက်ရှိတွင် တရုတ်ပြည်တစ်ပြည်လုံးရှိ နျူကလီးယား လျှပ်စစ်ဓါတ်အားပေးစက်ရုံများသည် ပုံမှန် လည်ပတ်လျက်ရှိပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မှန်မှန်တိုးလာပါကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ မေလအထိ တရုတ်ပြည်တစ်ပြည်လုံးတွင် နျူကလီးယား လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏမှာ ယူနစ် ၁၆၆.၃ ဘီလီယံရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၄.၅ ရာခိုင်နှုန်း တိုးများလာကြောင်း၊ လက်ရှိအချိန်အထိ တရုတ်နိုင်ငံ ပြည်မကြီးရှိ လည်ပတ်နေသည့် နျူကလီးယားဓာတ်အားပေးစက်ရုံ ၅၄ ခုရှိပြီး စုစုပေါင်းတပ်ဆင်အား ကီလိုဝပ် ၅၅.၈၁ သန်းရှိ၍ ကမ္ဘာပေါ်တွင် တတိယနေရာ တည်ရှိကြောင်း သိရပါသည်။