ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံဇောက်ချ ပြုလုပ်ရေးကော်မရှင် အစည်းအဝေးကို ကြီးမှူးကျင်းပ

(GMT+08:00)2022-06-25 10:49:32  

    တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံဇောက်ချပြုလုပ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၂ ရက်နေ့ ညနေပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချပြုလုပ်ရေးကော်မရှင် ၂၆ ကြိမ်မြောက် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ပြီး၊ ဒေတာ အခြေခံစနစ် တည်ထောင်ပြီး ဒေတာအချက်အလက်များ၏ အကျိုးဖြစ်ထွန်းမှုကို ပိုမိုကောင်းမွန်စွာ ဖေါ်ဆောင်ခြင်း လမ်းညွှန်ချက်စာတမ်း အပါအဝင် စာတမ်းများကို စိစစ် အတည်ပြုခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။