သားဖွားမီးယပ်ဌာနရှိ အသက် “ကယ်တင်ပေးသူ သူနာပြုဆရာမကြီး”

(GMT+08:00)2022-06-25 10:45:54  

အသက် ၆၀ အရွယ်ရှိ Zhang Shuping သည် ပေကျင်း အမှတ် ၆ ဆေးရုံ သားဖွားမီးယပ်ဌာန၏ သူနာပြုခေါင်းဆောင်ဖြစ်ပြီး မွေးကင်းစကလေးငယ် ၁၀၀၀ ကျော်ကို သူမကိုယ်တိုင် မွေးပေးခဲ့ပြီး ၆ လအတွင်း ပင်စင်ယူတော့မည်ဖြစ်သည်။ Zhang Shuping သည် မနက်တိုင်း ၇း၃၀ မတိုင်မီဌာနသို့ ရောက်ရှိလာသည်။ လူနာခန်းထဲကို စဝင်ကတည်းက သူနာပြုများသည် သူတို့၏ တစ်နေ့တာအလုပ်ကို မရပ်မနားလုပ်သည်။ "ကျွန်မတို့အတွက် ရုံးတက်ချိန်ကို သတ်မှတ်ထားတာရှိတယ်၊ ရုံးဆင်းချိန်တော့ သေချာမရှိဘူး" Zhang Shuping က သူတို့လုပ်ငန်း၏ ထူးခြားချက်လက္ခဏာကို ဒီလိုမျိုး မိတ်ဆက်သည်။

ဆရာဝန်သည် ရောဂါများကို ကုသပေးတာ ဖြစ်တယ်၊ သူနာပြုလုပ်ငန်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းမှာတော့ စိတ်ဝိညာဉ်ကို နှစ်သိမ့်တာဖြစ်တယ်လို့ Zhang Shuping က ယူဆသည်။ "မိခင်တိုင်းရဲ့ နောက်ကွယ်မှ ဇာတ်လမ်းကို ကျွန်မတို့ သိကြပြီး အမျိုးသမီးများ နာကျင်မှု အခံရဆုံးအချိန်မှာ ကျွန်မတို့က အကူအညီအချို့ကို ပေးပါတယ်။"