အာဖဂန် ပါကီယာ ငလျင်ဘေးသင့်သူများအား ဆေးကုသမှုပေးနေသည့် ဆေးရုံကို China Media Group သတင်းထောက် သွားရောက်ကြည့်ရှု

(GMT+08:00)2022-06-25 11:29:56  

China Media Group မှ သတင်းထောက်သည် ငလျင်ဘေးဒဏ်ခံရသော အာဖဂန် နိုင်ငံ ပါတီကာ ပြည်နယ်မှ အိမ်နီးချင်း ပါကီယာ ပြည်နယ်သို့ ညတွင်းချင်းပဲ ၈ နာရီကြာ ကားမောင်းနှင်ပြီး ငလျင်ဘေးဒဏ်ခံရသူများအား ကုသပေးနေသည့် ဒေသခံဆေးရုံတစ်ရုံသို့ သွားရောက်ကြည့်ရှု ခဲ့ပါသည်။ ပါတီကာ ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ငလျင်ဘေးဒဏ်ကြောင့် ဒဏ်ရာရရှိသူ အများအပြား ကို ယင်းဆေးရုံသို့ ရွှေ့ပြောင်းထားပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ပါသည်။