ယနေ့ အမေရိကန်အမျိုးသမီးများသည် ၄င်းတို့၏ မိခင်များထက် လွတ်လပ်မှု နည်းပါး လာသည်ဟု အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဆို

(GMT+08:00)2022-06-25 11:16:18  

ဒေသစံတော်ချိန် ဇွန်လ ၂၄ ရက်နေ့တွင် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက ကြေညာချက်တစ်ရပ်ထုတ်ပြန်ရာတွင် ဒီမိုကရက်များသည် “Roe v. Wade” အမှု၏ ဥပဒေစီရင်ချက်ကို တရားဥပဒေတွင် ပါဝင်ရန် ဆက်လက်ကြိုးစားမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ ၄င်းက ထရန့်၊ မီချီမိုင်ခွန်နေလ်၊ ရီပတ်ဗလစ်ကင်ပါတီနှင့် တရားရုံးချုပ် တွင် ၄င်းတို့၏ လွှမ်းမိုးနိုင်မှု အများစုဖြစ်ခြင်းကြောင့် ယနေ့ အမေရိကန် အမျိုးသမီးများသည် ၄င်းတို့၏ မိခင်များထက် လွတ်လပ်မှု နည်းပါးလာသည်ဟု ပြောကြားခဲ့ပါသည်။

ဇွန်လ ၂၄ ရက်နေ့ အစောပိုင်းတွင် အမေရိကန်တရားရုံးချုပ်သည် ကိုယ်ဝန်ဖျက်ချခွင့် ဆိုင်ရာ "Roe v. Wade" အမှု၏ ဥပဒေစီရင်ချက်ကိုပယ်ချခဲ့ပြီး ကိုယ်ဝန်ဖျက်ချခြင်းအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမှ နှစ် ၅၀ နီးပါးရှိ ကာကွယ်မှုကို အဆုံးသတ်ခဲ့ကာ ကိုယ်ဝန် ဖျက်ချခြင်း တရားဝင်မှုကို ပြည်နယ်များအတွက် ထားပေးခဲ့ပါသည်။ ဤရှားပါးသော ပြောင်းလဲမှုသည် ခုခေတ် အမေရိကန်၏ မျိုးပွားမှုဆိုင်ရာ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်အတွက် စိန်ခေါ်မှုဖြစ်လာမည်ဖြစ်ပါသည်။