ရုရှားသည် Southern Kuriles ကျွန်းစု (ဂျပန်က Northern Islandsဟု ခေါ်သည်)၌ Hokkaido သဘောင်္နစ်မြုပ်မှုတွင် သေဆုံးသူ(၂)ဦး၏ ရုပ်အလောင်းကို တွေ့ရှိ

(GMT+08:00)2022-06-24 16:49:04  

ရုရှားဘက်က Southern Kuriles ကျွန်းစု (ဂျပန်က Northern Islandsဟု ခေါ်သည်)၌ ရုပ်အလောင်း(၂)လောင်းကို တွေ့ရှိခဲ့ကြောင်း၊ DNAစစ်ဆေးခြင်းဖြင့် Hokkaido၌ သင်္ဘောနစ်မြုပ်မှုတွင် ပျောက်ဆုံးသော ခရီးသည်တစ်ဦးနှင့် သင်္ဘောသား တစ်ဦးတို့၏ DNAနှင့် ကိုက်ညီကြောင်း ပြောကြားသည်ဟု ဂျပန်NHKမှ ဇွန်လ ၂၄ရက်နေ့ထုတ် သတင်းအရ သိရပါသည်။

အဆိုပါ ရုပ်အလောင်းကို လွှဲပြောင်းပေးအပ်ပြီးနောက် ဂျပန်ဘက်သည် သက်ဆိုင်ရာ အကြောင်းအရာများ စစ်ဆေးအတည်ပြုမှုကို ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။