တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက်ကို တွန်းအားပေး မြှင့်တင်ရန် BRICS မိတ်ဖက်များနှင့်အတူ လက်တွဲဆောင်ရွက်လိုကြောင်း ရှီကျင့်ဖျင်က ပြောကြား

(GMT+08:00)2022-06-24 16:40:49  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် (၁၄) ကြိမ်မြောက် BRICS ခေါင်းဆောင်များအစည်းအဝေးကို ဇွန်လ ၂၃ ရက်နေ့ညတွင် ဗီဒီယိုစနစ်ဖြင့် လက်ခံကျင်းပခဲ့ပါသည်။

ရှီကျင့်ဖျင်က အကျပ်အတည်းများသည် အစီအစဉ်များကို ကမောက်ကမ ဖြစ်စေပြီး အပြောင်းအလဲများကို ဆောင်ကြဉ်းလာမည်ဖြစ်ကာ ၎င်းကို မည်သို့ရင်ဆိုင်ဖြေရှင်းမှုအပေါ် မူတည်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအဆိုပြုချက်ကို တွန်းအားပေးမြှင့်တင်ရန်၊ ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို တွန်းအားပေးမြှင့်တင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအသိုက်အဝန်းကို တည်ဆောက်ရန်၊ ပိုမိုအားကောင်းသော၊ စိမ်းလန်းစိုပြည်သော၊ တည်ငြိမ်ကောင်းမွန်သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်အကောင်အထည်ဖော်နိုင်ရန် တို့အတွက် BRICS မိတ်ဖက်များနှင့်အတူ လက်တွဲဆောင်ရွက်လိုကြောင်း ပြောကြားပါသည်။