တရုတ်နိုင်ငံ Long March-2D ဒုံးပျံက “ဒုံးပျံတစ်ခုဖြင့် ဂြိုဟ်တုသုံးလုံး” လွှတ်တင်ခြင်းအား အောင်မြင်စွာဖော်ဆောင်ခဲ့

(GMT+08:00)2022-06-24 16:48:18  

ဇွန်လ ၂၃ ရက်နေ့ ၁၀ နာရီ ၂၂ မိနစ်တွင် တရုတ်နိုင်ငံ Long March-2D သယ်ဆောင်ရေးဒုံးပျံက တရုတ်နိုင်ငံ ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ မီးရှို့၍ စတင်ပျံတက်ခဲ့သည်။ ထို့နောက် Yaogan-35 အုပ်စု ၂ မှ ဂြိုဟ်တု A ၊ ဂြိုဟ်တု B ၊ ဂြိုဟ်တု C တို့အား သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာလွှတ်တင်နိုင်သဖြင့် လွှတ်တင်သည့်တာဝန် အောင်မြင်စွာပြီးဆုံးသွားခဲ့သည်။

ယခုအကြိမ်လွှတ်တင်မှုသည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံ၏ ၄၂၄ ကြိမ်မြောက် လွှတ်တင်ခြင်းဖြစ်သည်။ ယခုအကြိမ်တာဝန်အတွင်း၌ Long March-2D သယ်ဆောင်ရေးဒုံးပျံ၏ ထိန်းချုပ်မှု၊ လှုပ်ရှားမှု၊ တွန်းအား၊ Telemetering ၊ ပြင်ပလုံခြုံရေးစနစ်စသည့် နည်းပညာ အဆင့်မြှင့်တင်မှုရှိသဖြင့် ဒုံးပျံ၏ယုံကြည်ရနိုင်စွမ်းရည်ကို တစ်ဆင့်တိုးမြှင့်တင်ခဲ့သည်။