BRICSနိုင်ငံများသည် ရဲရဲဝံ့ဝံ့ တာဝန်ယူပြီး ကမ္ဘာ အတွက် တည်ငြိမ်သော၊ အပြုသဘောဆောင် သော အင်အားကို ဖော်ဆောင်ပေးရန် လိုအပ်သည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2022-06-24 16:39:49  

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၃ရက်နေ့ညက ပီကင်းတွင် ဗီဒီယို အသွင်ပုံစံဖြင့် BRICSနိုင်ငံ ထိပ်သီးခေါင်းဆောင်များ ၁၄ကြိမ်မြောက် ဆွေးနွေးပွဲကို ကြီးမှူးကျင်းပ သည်။

ရှီကျင့်ဖိန်က လွန်ခဲ့သည့် တစ်နှစ်တွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ပျံ့နှံ့ပြီး ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူလာခြင်း၌ ကောက်ကွေ့ရှုပ်ထွေးမှု ကြုံတွေ့ခဲ့ရကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ပြဿနာ ပိုမို ထင်ရှားလာကြောင်း၊ တင်းမာခက်ခဲပြီး ရှုပ်ထွေးသော အခြေအနေကို ရင်ဆိုင်ရေး အတွက် မိမိတို့ အနေနှင့် တံခါးဖွင့်မှု၊ ဘက်ပေါင်းစုံ ပါဝင်ဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် အကျိုးရှိစေရေး ဟူသော BRICSစိတ်ဓါတ်ကို တစ်လျှောက်လုံး စွဲကိုင်ပြီး စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ကာ အခက်အခဲများကို ကျော်လွှားရန် လက်တွဲ ကြိုးပမ်းဆောင်ရွက်ကြသင့်ကြောင်း၊ BRICSစနစ်သည် ရေရှည်ခိုင်မာမှုနှင့် ရှင်သန်မှုကို ပြသနေကြောင်း၊ BRICSပူးပေါင်းဆောင်ရွက်မှုတွင် အပြုသဘောဆောင်သော တိုးတက်မှုနှင့် အောင်ကျိုးရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားသည်။

ထို့အပြင်၊ ရှီကျင့်ဖိန်က ယခုအကြိမ် ဆွေးနွေးပွဲကို လူ့ဘောင်အဖွဲ့အစည်း မည်သို့ဖြစ်မည်နည်း ဟူသော သော့ချက်ကျသည့် အချိန်တွင် ကျင်းပခြင်း ဖြစ်ကြောင်း၊ BRICSနိုင်ငံများသည် အရေးကြီးသော ထွန်းသစ်စ ဈေးကွက် နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံကြီးများ အနေနှင့် ရဲရဲဝံ့ဝံ့ တာဝန်ယူပြီး ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကာ ကမ္ဘာ အတွက် တည်ငြိမ်သော၊ အပြုသဘောဆောင်သော အင်အားကို ဖော်ဆောင်ပေးရန် လိုအပ်ကြောင်းလည်း အလေးထား ပြောကြားသည်။