သမိုင်းပေး မေးခွန်းကို ဖြေကြားရန် အတွက် တရုတ်ပြည်သည် ကိုယ်ဖိရင်ဖိဆောင်ရွက်

(GMT+08:00)2022-06-24 16:46:39  

ယခုလ ၂၂ရက်နေ့ညက ကျင်းပခဲ့သော BRICS နိုင်ငံများ စက်မှုနှင် ကုန်သွယ်ရေး ဖိုရမ် ဖွင့်ပွဲ အခမ်းအနားတွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီဒီယို အသွင်ပုံစံဖြင့် မိန့်ခွန်းပြောကြားရာ၌ “ကမ္ဘာသည် မည်သို့ ဖြစ်မည်နည်း၊ ငြိမ်းချမ်းရေး ရှိမလား၊ သို့မဟုတ် စစ်ပွဲတွင်း ကျရောက်မလား၊ ဖွံ့ဖြိုးတိုးတက်မလား၊ သို့မဟုတ် ယိုယွင်းဆုတ်ယုတ်မလား၊ တံခါးဖွင့်ထားမလား၊ သို့မဟုတ် ပိတ်ဆို့ထားမလား၊ ပူးပေါင်းဆောင်ရွက်မလား၊ သို့မဟုတ် ခုခံယှဉ်ပြိုင်မလား။”ဟူသော သမိုင်းပေး မေးခွန်းကို ထုတ်ခဲ့ပြီး လေးလေးနက်နက် ဆန်းစစ်ဖွယ်ကောင်းသည်။

ရှီကျင့်ဖိန်က “မိမိတို့သည် စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်ကာ ကမ္ဘာ့ အေးချမ်း တည်ငြိမ်ရေးကို အတူတကွ ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း”၊ “မိမိတို့သည် အချင်းချင်း ကာကွယ်စောင့်ကြပ်ထောက်ကူကြရမည် ဖြစ်ကြောင်း”၊ “မိမိတို့သည် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားပြီး ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် အကျိုးရှိစေရေးကို အတူတကွ အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ကြောင်း”၊ “မိမိတို့သည် ဘက်ပေါင်းစုံဝါဒကို ကျင့်သုံးပြီး တံခါးဖွင့်မှုနှင့် ရောနှောပေါင်းစပ်မှုကို အတူတကွ တိုးချဲ့ရမည် ဖြစ်ကြောင်း” ဟူသော အဆိုပြုချက် ၄ချက်ကို တင်ပြခဲ့သည်။ ယင်းသည် ငြိမ်းချမ်းရေး ထိန်းသိမ်းကာကွယ်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရန် ပြင်းပြသော အချက်ပြလိုက်ခြင်း ဖြစ်ပြီး နိုင်ငံ အသီးသီးမှ ပြည်သူများ၏ ဘုံရင်ဖွင့်သံကို ပြသကာ သမိုင်းပေး မေးခွန်းကို ဘက်စုံ ဖြေကြားချက်လည်း ဖြစ်သည်။

လုံခြုံရေးသည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုတင် လိုအပ်ချက် ဖြစ်သည်။ မိန့်ခွန်းပြောကြား ရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကမ္ဘာစစ် ၂ကြိမ်နှင့် စစ်အေးကို ပြန်လည် သုံးသပ်ပြီး လက်ရှိ ယူကရိန်း အကျပ်အတည်းသည် ကမ္ဘာ့ အပေါ် သတိပေးခေါင်းလောင်းသံ ဖြစ်ကြောင်း ဖော်ပြကာ နိုင်ငံတကာ အသိုင်းအဝိုင်းအား zero-sum game ကို စွန့်လွှတ်ပြီး ဗိုလ်ကျစိုးမိုးရေး ဝါဒနှင့် ဗိုလ်ကျမှု နိုင်ငံရေးကို အတူတကွ ဆန့်ကျင်ကာ ကမ္ဘာကို ထွန်းလင်းတောက်ပလာအောင် ငြိမ်းချမ်းရေး နေရောင်ခြည်ပေးရန် ပန်ကြားသည်။ ယင်းပြောကြားချက်များသည် ငြိမ်းချမ်းရေး ပြဿနာ၏ အရင်းအမြစ်ကို ထောက်ပြပြီး ၄င်းပြဿနာကို ဖြေရှင်းရေး အတွက် နည်းလမ်းကို တင်ပြကာ လက်တွေ့ကျသော ရည်မှန်းချက် ရှိ၍ နိုင်ငံတကာ အသိုင်းအဝိုင်းမှ တက်ကြွကောင်းမွန်သော တုံ့ပြန်မှု ရရှိသည်။

ဖွံ့ဖြိုးတိုးတက်ရေးသည် ငြိမ်းချမ်းရေး အတွက် အာမခံချက် ဖြစ်ပြီး ပြဿနာများစွာကို ဖြေရှင်းရေးနှင့် ပြည်သူတို့၏ ချမ်းသာသုခကို အကောင်အထည်ဖော်ဆောင်ရေး အတွက် သော့ချက် လည်းဖြစ်သည်။ ယခုအကြိမ် မိန့်ခွန်းပြောကြားရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တင်ပြသော အဆိုပြုချက်နှင့် တိုက်တွန်းချက်များသည် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်ဆိုင်နေရသော အခက်အခဲများကို ထောက်ပြပြီး ၄င်းအခက်အခဲများကို ကျော်လွှားဖြေရှင်းရန် အတွက် နည်းလမ်းကိုလည်း တင်ပြကာ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း တိုးမြှင့်ရေးနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမိုများပြားသော တွန်းအားပေးမှုကို ထောက်ပံ့ပေးနေသည်။

ကမ္ဘာသည် မည်သို့ ဖြစ်မည်နည်း၊ တရုတ်ပြည်သည် ကိုယ်ဖိရင်ဖိ ဆောင်ရွက်ပြီး ၄င်းမေးခွန်းကို ဖြေကြားပြီ ဖြစ်သည်။ ဥက္ကဋ္ဌ ရှီကျင့်ဖိန် ပြောကြားသည့် အတိုင်း နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲသည် ဖြစ်စေ၊ တံခါးဖွင့်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အလားအလာသည် ပြောင်းလဲမည် မဟုတ်ပါ၊ လက်တွဲ ပူးပေါင်းဆောင်ရွက်ပြီး စိန်ခေါ်မှုကို အတူတကွ ရင်ဆိုင်ရန် ဆန္ဒလည်း ပြောင်းလဲမည် မဟုတ်ပါ။