တရုတ်နိုင်ငံခြားငွေ ထားရှိမှုပမာဏမှာ ကမ္ဘာ့ပထမနေရာတွင် ၁၇နှစ် ဆက်တိုက် တည်ရှိ

(GMT+08:00)2022-06-24 16:47:02  

ဇွန်လ ၂၃ ရက်နေ့က ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ၁၈ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံကို ကျင်းပပြီးနောက် ငွေရေးကြေးရေး နယ်ပယ်တွင် ပြုပြင်ပြောင်းလဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို မိတ်ဆက်ခဲ့ ပါသည်။

တရုတ်နိုင်ငံတော် နိုင်ငံခြားငွေ စီမံခန့်ခွဲရေးဌာန ညွှန်ကြားရေးမှူးချုပ် ဝမ်ချွမ်ယဉ်က ၁၈ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို ကျင်းပပြီးနောက် ၁၀နှစ်အတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေ ထားရှိမှု စီမံခန့်ခွဲရေးစနစ် အဆက်မပြတ် ကောင်းမွန်တိုးတက်လာခဲ့ကြောင်း၊ မကြာမီနှစ်များတွင်  တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေ ထားရှိမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀၀ ကျော် ထိန်းသိမ်းထားပြီး ယခုနှစ် မေလ လကုန်အထိ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၁၀၀ကျော် ရှိခဲ့ကြောင်း၊ ကမ္ဘာ့ ပထမနေရာတွင် ၁၇နှစ် ဆက်တိုက် တည်ရှိပြီး တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ငွေရေးကြေးရေး လုံခြုံမှုကို ကောင်းမွန်စွာ ကာကွယ် ထိန်းသိမ်းလျက် ရှိကြောင်း ပြောကြားခဲ့ပါသည်။