ကန်မှ တရုတ်အား တိုးချဲ့ကောက်ခံသော အကောက်ခွန်အားလုံးကို ဖျက်သိမ်းလျှင် တရုတ်-ကန်အတွက်ရော တစ်ကမ္ဘာလုံးအတွက်ပါ အကျိုးရှိသည်ဟု တရုတ်ကုန်သွယ်ရေး ဝန်ကြီး ဌာနဆို

(GMT+08:00)2022-06-24 16:47:25  

ဇွန်လ ၂၃ ရက်နေ့က ကျင်းပသော တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ စုကြွယ်ထင်က အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံအား ကောက်ခံသော အကောက်ခွန်ကို ဖြေလျှော့ရန် စဉ်စားနေခြင်းနှင့် ပတ်သက်၍ တုံ့ပြန်ပြောကြားရာတွင် တရုတ်နိုင်ငံအား တိုးချဲ့ ကောက်ခံသော အကောက်ခွန်အားလုံးကို ဖျက်သိမ်းလျှင် တရုတ်နိုင်ငံအတွက်ရော၊ အမေရိကန်နိုင်ငံအတွက်ရော၊ တစ်ကမ္ဘာလုံးအတွက်ပါ အကျိုးရှိသည်ဟု တရုတ်နိုင်ငံ အနေဖြင့် အစဉ်တစိုက် ယူဆကြောင်း၊ လက်ရှိ ငွေကြေးဖောင်းပွမှု မြင့်မားသည့် အခြေအနေမျိုးတွင် တရုတ်နိုင်ငံအား တိုးချဲ့ကောက်ခံသော အကောက်ခွန်ကို ဆောလျင်စွာ ဖြေလျှော့လျှင် စားသုံးသူနှင့် သက်ဆိုင်ရာလုပ်ငန်းများသည် အကျိုး ဆောလျင်စွာ ခံစားကြမည် ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် နှစ်နိုင်ငံအနေဖြင့် အတူတကွ ကြိုးပမ်း ဆောင်ရွက်ပြီး စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် အခြေအနေကို ဖန်တီးပေးကာ နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကွင်းဆက်နှင့် ဖြန့်ဖြူးမှု ကွင်းဆက် တည်ငြိမ်မှုကို ကာကွယ် ထိန်းသိမ်း၍ နှစ်နိုင်ငံပြည်သူများနှင့် ကမ္ဘာ့ပြည်သူများအား အကျိုးပြုစွမ်းဆောင်သင့်ကြောင်း ပြောကြားခဲ့ပါသည်။