ရှင်းကျန်းနှင့် ပတ်သက်၍ အမေရိကန်၏ ဥပဒေဆိုးသည် အမေရိကန်က တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်မှု ကွင်းဆက်နှင့် ခွဲခွါသည့် လက္ခဏာဖြစ်

(GMT+08:00)2022-06-24 16:45:32  

အမေရိကန် အရှေ့ပိုင်းဒေသ စံတော်ချိန် ယခုလ ၂၁ရက်နေ့က အမေရိကန် အကောက်ခွန်ရုံးနှင့် နယ်စပ် ထိန်းသိမ်းကာကွယ်ရေးဌာနသည် “ဝေဂါ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း ကြိုတင် ကာကွယ်ရေး ဥပဒေ”ဆိုသည် အရ တရုတ်ပြည် ရှင်းကျန်းဒေသမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းအားလုံးက “အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း”ဆိုသည်နှင့် ပတ်သက်သည်ဟု မှတ်ယူပြီး ရှင်းကျန်းနှင့် ပတ်သက်သော ကုန်ပစ္စည်းမှန်သမျှ တင်သွင်းမှုကို ပိတ်ပင်ခဲ့သည်။ အမေရိကန်၏ မုသားစကားကို အခြေခံသော ယင်းသို့ လုပ်ရပ်သည် ဈေးကွက် စီးပွားရေး ဥပဒေသကို ကျောခိုင်းခြင်း ဖြစ်ပြီး ကုန်သွယ်ရေး နယ်ပယ်တွင် တရုတ်ပြည်နှင့် ချိတ်ဆက်မှု ဖြတ်တောက်(decouple)ရန် ကြံစည်ခြင်း ဖြစ်ကာ ရှင်းကျန်း မကဘဲ တရုတ်ပြည် တစ်ပြည်လုံးကို ကမ္ဘာတစ်ဝန်း ကုန်ထုတ်လုပ်မှု ကွင်းဆက်မှ ဖယ်ရှားရန် ကြံစည်ခြင်းလည်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ ရှင်းကျန်းကို အသုံးပြုပြီး တရုတ်ပြည်ကို ထိန်းချုပ်ဟန့်တားရန်ပင် ဖြစ်သည်။

ထို့အပြင်၊ “ဝေဂါ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း ကြိုတင် ကာကွယ်ရေး ဥပဒေ”သည် ရှင်းကျန်းထွက် ကုန်ကြမ်းကို အသုံးပြုသော ကုန်ပစ္စည်းများနှင့် ဝေဂါလူမျိုး အလုပ်သမားများကို ခန့်ထားသည့် ကုမ္ပဏီများကိုလည်း အရေးယူ ပိတ်ဆို့သည်။ ယင်းသည် အမေရိကန်က ရှင်းကျန်းထုတ်ကုန်ပစ္စည်းများကို ဝိုင်းပယ်သည့် အပြင်၊ တရုတ်ပြည်နှင့် ချိတ်ဆက်မှု ဖြတ်တောက်ပြီး ကမ္ဘာတစ်ဝန်း ကုန်ထုတ်လုပ်မှု ကွင်းဆက်နှင့် ခွဲခွါနေသည့် သဘောကို ဆောင်သည်။

 

ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်နေသည့် ယနေ့ခေတ်တွင် ရှင်းကျန်းမှ ထုတ်ကုန်ပစ္စည်းနှင့် ကုန်ကြမ်းများသည် ကမ္ဘာ အနှံ့အပြားသို့ တင်ပို့ရောင်းချပြီး ကမ္ဘာတစ်ဝန်း ကုန်ထုတ်လုပ်မှု ကွင်းဆက်တွင် ပျံ့နှံ့နေသည်။ အမေရိကန်သည်“အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း” ဟူသော မုသားစကားကို မဟုတ်မဟတ် လီဆယ်ပြောဆိုခြင်းဖြင့် ရှင်းကျန်းနှင့် ပတ်သက်သော ထုတ်ကုန်ပစ္စည်း မှန်သမျှကို ဝိုင်းပယ်ရန် ကြံစည်နေသည်။ ယင်းသည် ကိုယ့်ကိုယ်ကိုယ် ပိတ်ဆို့လိုက်ခြင်း ဖြစ်ပြီး ကမ္ဘာတစ်ဝန်း ဈေးကွက်နှင့် ခွဲခွါခြင်း ဖြစ်သည်။ အမေရိကန်က ရှင်းကျန်းနှင့် ပတ်သက်သော ထုတ်ကုန်ပစ္စည်း အားလုံးကို ငြင်းပယ်ခြင်းသည် ကမ္ဘာနှင့် ချိတ်ဆက်မှု ဖြတ်တောက်ခြင်း၊ အခွင့်ကောင်းနှင့် ချိတ်ဆက်မှု ဖြတ်တောက်ခြင်း၊ အနာဂတ်နှင့် ချိတ်ဆက်မှု ဖြတ်တောက်ခြင်း ဖြစ်ပြီး ကမ္ဘာတစ်ဝန်း ကုန်ထုတ်လုပ်မှု ကွင်းဆက်မှ ခွဲခွါခြင်းကို အရှိန်မြှင့် ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။ သမိုင်းရေစီးကြောင်းကို နောက်ပြန်ဆုတ်ရန် ဆောင်ရွက်ပြီး အခြားသူများ၏ လမ်းကြောင်းကို ပိတ်ဆို့ရန် ကြံစည်သူသည် ကိုယ့်လမ်းကြောင်းသာ ပိတ်ဆို့မည် ဖြစ်သည်။