သမိုင်းကြောင်း၏ လမ်းဆုံတွင် ရပ်တည်ရင်း မိမိတို့သည် အတိတ်ကို ပြန်ကြည့်ရုံသာမက အနာဂတ်ကိုလည်း စောင့်မျှော်ပြီး BRICS ပူးပေါင်းဆောင်ရွက်မှု ခရီးစဉ်သစ်ကို အတူစတင်ကြရန် ရှီကျင့်ဖျင်က ပြောကြား

(GMT+08:00)2022-06-24 16:44:37  

ရှီကျင့်ဖျင်က “မီးပြင်းပြင်းထဲ ထည့်ကျိုမှသာ ရွှေစစ်မစစ် သိနိုင်မည်” ဟု တရုတ်လူမျိုးများက ဆိုလေ့ရှိကြောင်း၊ ၁၆ နှစ်တာကာလအတွင်း ကြမ်းတမ်းသော လှိုင်းတံပိုးများ၊ လေဒဏ်မိုးဒဏ်များနှင့် ရင်ဆိုင်ခဲ့ရစဉ်၌ BRICS သင်္ဘောကြီးသည် လေဟုန်စီး၍ လှိုင်းတံပိုးများကို ဖြိုခွင်းပြီး သတ္တိရှိရှိ ချီတက်ခဲ့ကာ အခက်အခဲများ အတူတကွရင်ဆိုင်ကျော်လွှားသော၊ အကျိုးတူပူးပေါင်းဆောင်ရွက်သော မှန်ကန်သောလမ်းကြောင်းတစ်ခုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ သမိုင်းကြောင်း၏ လမ်းဆုံတွင် ရပ်တည်ရင်း မိမိတို့သည် အတိတ်ကို ပြန်ကြည့်ရုံသာမက BRICS နိုင်ငံများ အဘယ်ကြောင့် ခရီးနှင်ခဲ့ကြသည်ကို စွဲမြဲစွာ မှတ်ယူထားရမည် ဖြစ်ကြောင်း၊ အနာဂတ်ကိုလည်း စောင့်မျှော်ပြီး ပိုမို ကျယ်ပြန့်သော၊ နီးကပ်သော၊ လက်တွေ့ကျသော၊ အားလုံးပါဝင်သော အရည်အသွေးမြင့် မိတ်ဖက်ဆက်ဆ့ရေးကို အတူလက်တွဲ တည်ဆောက်ရင်း BRICS ပူးပေါင်းဆောင်ရွက်မှု ခရီးစဉ်သစ်ကို အတူစတင်ကြရမည်ဖြစ်ကြောင်း ပြောကြားပါသည်။