ဥရောပသမဂ္ဂသည် ယူကရိန်းနှင့် မော်လ်ဒိုဗါတို့အား ဥရောပသမဂ္ဂအဖွဲ့ဝင် အရွေးခံရန်နိုင်ငံ အဖြစ် အတည်ပြု

(GMT+08:00)2022-06-24 16:48:43  

ဒေသစံတော်ချိန် ဇွန်လ ၂၃ ရက်နေ့က ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် ယူကရိန်းနှင့် မိုဒိုဗါတို့အား ဥရောပသမဂ္ဂအဖွဲ့ဝင် အရွေးခံရန်နိုင်ငံ အဖြစ် အတည်ပြုပြီး ဂျော်ဂျီယာသည် အလားအလာ ရှိသော အရွေးခံရန်နိုင်ငံ ဖြစ်သည်ဟု ဥရောပ ကောင်စီဥက္ကဋ္ဌ Charles Michel က ထိုနေ့က ကြေညာခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

Charles Michelက ယင်းသည် သမိုင်းဝင်အချိန်တစ်ခုဖြစ်ပြီး ယူကရိန်းသည် ဥရောပသမဂ္ဂသို့ သော့ချက်ကျသော ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်ဟု ဖော်ပြထား ကြောင်း ပြောကြားပါသည်။ ဥရောပသမဂ္ဂကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyenက ယင်းဆုံးဖြတ်ချက်သည် ယူကရိန်း၊ မော်လ်ဒိုဗါ နှင့် ဂျော်ဂျီယာ စသော (၃)နိုင်ငံ၏ အင်အားကို အားဖြည့်စေရုံသာမက ဥရောပသမဂ္ဂ၏အင်အားကိုလည်း အားကောင်း စေကြောင်း ပြောကြားပါသည်။