တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဗိုလ်ကျအနိုင်ကျင့်မှုကို ဆန့်ကျင်ရန်၊ ညီညွတ်မျှတမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ အနိုင်ကျင့်မှုကို ဆန့်ကျင်ရန်၊ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ပြိုကွဲမှုကို ဆန့်ကျင်ရန်၊ လုံခြုံရေးလမ်းကြောင်းပုံစံသစ်ကို ဖော်ဆောင်ရန် ရှီကျင့်ဖျင်က BRICS နိုင်ငံများအား ပြောကြား

(GMT+08:00)2022-06-24 16:41:24  

ရှီကျင့်ဖျင်က တစ်ကမ္ဘာလုံးကိုကြည့်လျှင် စစ်အေးခေတ်စိတ်ဓာတ်နှင့် ပါဝါနိုင်ငံရေးတို့ ဆက်လက်တည်ရှိနေပြီး သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေး ခြိမ်းခြောက်မှုများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေကြောင်း၊ နိုင်ငံအချို့သည် စစ်ရေးမဟာမိတ်များ တိုးချဲ့ခြင်းဖြင့် အကြွင်းမဲ့လုံခြုံမှုကို ရှာဖွေရန် ကြိုးပမ်းနေကြကြောင်း၊ အခြားနိုင်ငံများကို အုပ်စုရွေးချယ်ရပ်တည်ရန် အတင်းဖိအားပေးပြီး အုပ်စုဖွဲ့ ထိပ်တိုက်တွေ့မှုများ ဖန်တီးကာ အခြားနိုင်ငံများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို လျစ်လျူရှုပြီး မိမိသည်သာ အကြီးမြတ်ဆုံးဟု ခံယူနေကြကြောင်း၊ ဤအန္တရာယ်ရှိသည့်အခြေအနေကို ဆက်လက်ဖြစ်တည်နေစေပါက ကမ္ဘာကြီးသည် ပို၍ မငြိမ်မသက်ဖြစ်လာမည် ဖြစ်ကြောင်း၊ BRICS နိုင်ငံများသည် အချင်းချင်း၏ အဓိက အကျိုးစီးပွားများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် အချင်းချင်း ပံ့ပိုးကူညီပြီး စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို လက်တွေ့ကျင့်သုံးရန် လိုအပ်ကြောင်း၊ တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဗိုလ်ကျအနိုင်ကျင့်မှုကို ဆန့်ကျင်ရန်၊ ညီညွတ်မျှတမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ အနိုင်ကျင့်မှုကို ဆန့်ကျင်ရန်၊ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ပြိုကွဲမှုကို ဆန့်ကျင်ရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက် လက်တွေ့ထိရောက် အကောင်အထည်ပေါ်လာစေရန်၊ ထိပ်တိုက်ရင်ဆိုင်မှု မဟုတ်ဘဲ ဆွေးနွေးသော၊ မဟာမိတ်မဖွဲ့ဘဲ လက်တွဲဆောင်ရွက်သော၊ ရလဒ်သုည မဟုတ်ဘဲ အကျိုးတူဖြစ်ထွန်းသော လုံခြုံရေးလမ်းကြောင်း သစ်တစ်ခုကို ဖော်ဆောင်ရန်၊ ကမ္ဘာကြီးအတွက် တည်ငြိမ်မှုနှင့် အပြုသဘောဆောင်သောစွမ်းအင်များ ဖြည့်တင်းပေးရန် BRICS နိုင်ငံများနှင့်အတူ လက်တွဲဆောင်ရွက်လိုကြောင်း ပြောကြားပါသည်။