ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမှုကြောင့် လူ ၆၈ဦး သေဆုံး

(GMT+08:00)2022-06-24 16:49:27  

ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ဆောင်မှု ဝန်ကြီးဌာန၏ ကျန်းမာရေး အရေးပေါ်ဆောင်ရွက် ရေးစင်တာနှင့် ထိန်းချုပ်ရေးရုံးမှ ၂၃ ရက်နေ့က ထုတ်ပြန်သောအစီရင်ခံစာအရ ရာသီ အလိုက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် အချို့ဒေသတွင် ရေကြီးရေလျှံမှုကြောင့် ဘင်္ဂလားဒေ့ရှ်တွင် လူ ၆၈ ဦး သေဆုံးခဲ့ကြောင်း၊ ရေကြီးမှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ ဒေသ အများအပြားရှိ နေအိမ်များ၊ ကောက်ပဲသီးနှံများ၊ လမ်းများနှင့် မြန်နှုန်းမြင့်ကားလမ်းများကို ဆိုးရွားစွာ ပျက်စီးခဲ့ကြောင်း သိရပါသည်။

ဘင်္ဂလားဒေ့ရှ် ဘေးအန္တရာယ်စီမံအုပ်ချုပ်ရေးဌာနက ကယ်ဆယ်ရေးအဖွဲ့နှင့် တပ်ဖွဲ့ ၂၀၀၀ နီးပါးသည်  တစ်ပြည်လုံးရှိ ဒေသ ၆၄ ခု အနက် ၁၇ ခုမှ ဘေးသင့်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများကို ပံ့ပိုးနေကြောင်း ထုတ်ပြန်ခဲ့သည်။