ယူကရိန်းသည် ဥရောပသမဂ္ဂ အဖွဲ့ဝင်အဖြစ် အရွေးခံရန်နိုင်ငံ တရားဝင် ဖြစ်လာတော့မည်၊ အဖွဲ့ဝင်နိုင်ငံများမှ လက်ရှိ ကန့်ကွက်မှု မရှိဟု ဥရောပသမဂ္ဂအရာရှိ ဆို

(GMT+08:00)2022-06-23 15:43:49  

ဥရောပ သမဂ္ဂမှ သံတမန်အရာရှိ(၃)ဦးသည် မကြာခင်ရက်များက ဥရောပသမဂ္ဂကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen မှ ယူကရိန်းအား ဥရောပသမဂ္ဂ အဖွဲ့ဝင် အရွေးခံရန် နိုင်ငံနေရာကို ပေးအပ်ရန် အဆို တင်သွင်းခဲ့ပြီး ဥရောပသမဂ္ဂ အဖွဲ့ဝင် (၂၇)နိုင်ငံမှ ခေါင်းဆောင်များသည် ထိပ်သီးအစည်းအဝေးတွင် ယင်းအဆိုပြုချက်ကို သဘောတူညီဖွယ်ရာရှိကြောင်း၊ ၃၊၄ရက်ကြာ အတွင်းပိုင်း ဆွေးနွေးခြင်းဖြင့် အဖွဲ့ဝင်(၂၇)နိုင်ငံတို့သည် မည်သည့် ကန့်ကွက်မှုသဘောမှ မတွေ့ရှိကြောင်း၊ ယူကရိန်းအပြင် မိုဒိုဗါသည် အဖွဲ့ဝင် အရွေးခံရန် နိုင်ငံနေရာ ရရှိရန် သေချာသလောက်ရှိပြီး ဂျော်ဂျီယာမှာမူ အဖွဲ့ဝင် အရွေးခံရန် နိုင်ငံနေရာ အရည်အချင်း မပြည့်ခင် ၎င်းနိုင်ငံ၏ နိုင်ငံရေး လိပ်ခဲတည်းလည်း အခြေအနေကို ချိုးဖျက်ရန် လိုသေးကြောင်း ပြောကြားပါသည်။