ဥရောပနိုင်ငံများစွာတို့သည် ကျောက်မီးသွေးသုံး ဓာတ်အားပေးခြင်းသို့ ပြန်ရောက်သဖြင့် ညစ်ပတ်သော ရုပ်ကြွင်းလောင်စာဆီသို့ နောက်ပြန်မဆုတ်ရန် ဥရောပသမဂ္ဂ သတိပေး

(GMT+08:00)2022-06-23 15:44:42  

ရုရှားနိုင်ငံသည် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများမှ ဓာတ်ငွေ့ပေးပို့ရေးပမာဏကို အတိုင်းအတာ ကြီးမားစွာလျှော့ချခြင်း ကြေညာခဲ့သည့်နောက်ပိုင်းတွင် ဥရောပနိုင်ငံ များစွာတို့သည် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်ပေးခြင်းအပေါ် ပြန်လည် အာရုံစိုက်လာခဲ့ကြသည်။ သဘာဝဓာတ်ငွေ့ထောက်ပံ့မှု မလုံလောက်သော အန္တရာယ်ကို ကိုင်တွယ် ဖြေရှင်းရန် အရေးပေါ်လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့ကြောင်း ဥရောပသမဂ္ဂမှ ပြောကြားသည့်အပြင်၊ ရုပ်ကြွင်းလောင်စာဆီသို့ နောက်ပြန်မဆုတ်ရန် သတိပေး နှိုးဆော်ခဲ့သည်ဟုလည်း သတင်းအရသိရသည်။