အာဖဂန်နစ္စတန်ပြည်သူများ၏ ခက်ခဲသောအခြေအနေသည် အမေရိကန်၏ မိမိစိတ်တိုင်းကျ မဆင်မခြင် ဆောင်ရွက်မှုကြောင့် အခက်အခဲတွေ့ကြုံနေရသော ပြည်သူများ၏ ပုံရိပ်ငယ်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

(GMT+08:00)2022-06-23 15:39:18  

အာဖဂန်နစ္စတန် ဒုက္ခသည်များ အမေရိကန်သို့ ပြည်ဝင်ခွင့်ရရှိရန် ခက်ခဲသည့်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Wang Wenbin က ၂၂ ရက်နေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ အာဖဂန်နစ္စတန်ပြည်သူများ၏ ခက်ခဲသောအခြေအနေသည် အမေရိကန်၏ မိမိစိတ်တိုင်းကျ မဆင်မခြင် ဆောင်ရွက်မှုကြောင့် အခက်အခဲတွေ့ကြုံနေရသော ပြည်သူများ၏ ပုံရိပ်ငယ်ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။ သတင်းဖော်ပြချက်များအရ ၂၀၂၁ ခုနှစ် ဇူလိုင်လမှစ၍ အမေရိကန် နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုရုံး (USCIS) သည် အာဖဂန်နစ္စတန် ဒုက္ခသည်များမှ “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြည်ဝင်ခွင့်ပြုခြင်း (Humanitarian Parole)” ဖြင့် အမေရိကန်သို့ ပြည်ဝင်ရန် လျှောက်ထားချက် ၄၆,၀၀၀ ခု လက်ခံ ရရှိခဲ့သော်လည်း ဇွန်လ ၂ ရက်နေ့အထိ လျှောက်ထားချက် ၂၉၇ ခုသာ ခွင့်ပြုချက် ရရှိသောကြောင့် စုစုပေါင်း လျှောက်ထားချက်ပမာဏ၏ ၁% ပင် မရှိကြောင်း သိရသည်။