နျူကလီးယား အင်အားကြီးနိုင်ငံများအကြား တိုက်ရိုက်အချင်းပွားမှုကို ကြိုတင် တားဆီးခြင်းသည် အကြွင်းမဲ့ ဦးစားပေးကိစ္စ ဖြစ်သည်ဟု ရုရှား ဆို

(GMT+08:00)2022-06-23 15:43:14  

ယူကရိန်းအကျပ်အတည်းအဆင့် ဆက်လက်မြင့်တက်လာခြင်းနှင့် နိုင်ငံတကာ အခြေအနေ ခန့်မှန်း၍ မရခြင်းတို့ကြောင့် ရုရှား နိုင်ငံခြားရေး၏ အကြွင်းမဲ့ဦးစားပေး ကိစ္စမှာ နျူကလီးယား အင်အားကြီးနိုင်ငံများအကြား တိုက်ရိုက်အချင်းပွားမှုကို ကြိုတင် တားဆီးပြီး အချင်းပွားမှု ပပျောက်ရေး ဆွေးနွေးပွဲကို ဆက်လက် ထိန်းသိမ်းထားရန် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ရီယာဘုကိုဖ်က ၂၂ရက်နေ့က ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

လက်ရှိအချိန်တွင် မဟာဗျူဟာမြောက် တည်ငြိမ်မှုကို အာမခံပေးရေး၊ လူအမြောက်အများ  သေစေနိုင်သည့် လက်နက် မပြန့်ပွားစေရေးစနစ်ကို ထိန်းသိမ်းရေးနှင့် လက်နက်ထိန်းချုပ်ရေးနယ်ပယ်၌ လက်ရှိအခြေအနေကို ပြုပြင်ပြောင်းလဲရေး စသော နယ်ပယ်များ၌ လုပ်ဆောင်ရန် အလွန် လိုအပ်ကြောင်း ရီယာဘုကိုဖ်က အလေးထား ပြောကြားပါသည်။