ကန် တရားလက်လွတ် ကွပ်မျက်ခြင်းပြဿနာကို တရုတ်ကိုယ်စားလှယ် အာရုံစိုက်

(GMT+08:00)2022-06-23 15:38:33  

တရုတ်ကိုယ်စားလှယ်က ဇွန်လ ၂၂ရက်နေ့က ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြိမ် ၅၀ မြောက် အစည်းအဝေးနှင့် တရားလက်လွတ် ကွပ်မျက်ခြင်းပြဿနာဆိုင်ရာ အထူးအစီရင်ခံသူ ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားရာတွင် အမေရိကန်နိုင်ငံ၏ တရားလက်လွတ် ကွပ်မျက်ခြင်းပြဿနာကို အာရုံစိုက်ခဲ့ပါသည်။

တရုတ်ကိုယ်စားလှယ်က အမေရိကန်ရဲများ အကြမ်းဖက်မှုဖြင့် ဥပဒေ ကျင့်သုံးခြင်းနှင့် အမေရိကန်တပ်သားများ အခြားနိုင်ငံများမှ အရပ်သူအရပ်သားများအား သတ်ဖြတ်ခြင်းပြဿနာများကို ဆက်တိုက် အာရုံစိုက်ပြီး သက်ဆိုင်ရာအမှုအခင်းကို ဘက်စုံ တရားမျှတစွာ စုံစမ်းစစ်ဆေးကာ အမှုအခင်း ကျူးလွန်သူများကို ဥပဒေ အရ အရေးယူဖို့ တွန်းအားပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် တရားလက်လွတ် ကွပ်မျက်ခြင်း ပြဿနာဆိုင်ရာ အထူးအစီရင်ခံသူများအား တိုက်တွန်းခဲ့ပါသည်။