အာဖဂန်နစ္စတန်တွင် မြေငလျင်ကြောင့် ဘေးသင့်ခဲ့ရသူများကို ထောက်ပံ့ကူညီပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပန်ကြား

(GMT+08:00)2022-06-23 15:42:36  

ယခုလ ၂၂ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်မှ ထုတ်ပြန်သည့် ကြေညာချက်တွင် အာဖဂန်အရှေ့ပိုင်း၌ ဖြစ်ပွားသည့် မြေငလျင်ကြောင့် အသေအပျောက် များခဲ့သည့်အတွက် ဝမ်းနည်းကြေကွဲမိကြောင်း၊ နိုင်ငံတကာ လူ့အဖွဲ့အစည်းများအနေနှင့်  အာဖဂန်ရှိ ဘေးသင့်ခဲ့ရသူများကို ထောက်ပံ့ကူညီရန် ပန်ကြားကြောင်း ဖော်ပြသည်။