Dr. Tedros Adhanom Ghebreyesus က “ကိုရိုနာဗိုင်းရပ်စ် ဝူဟန့်ဓာတ်ခွဲခန်းမှ ထွက်လာနိုင်သည်” ဟု ပြောကြားကြောင်း မီဒီယာအချို့၏ သတင်းဖော်ပြချက်များမှာ လုံးဝ မှန်ကန်မှု မရှိဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

(GMT+08:00)2022-06-23 15:40:04  

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ Dr. Tedros Adhanom Ghebreyesus က “ကိုရိုနာ ဗိုင်းရပ်စ်၏ ဖြစ်နိုင်ခြေအရှိဆုံး ဇာစ်မြစ်မှာ ဝူဟန့်ဓာတ်ခွဲခန်းမှ ဖြစ်နိုင်သည်” ဟု မကြာသေးမီက နောက်ကွယ်ရာတွင် ဥရောပဘက်သို့ ပြောကြားခဲ့ကြောင်း မီဒီယာအချို့က သတင်းဖော်ပြခဲ့ပါသည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က WHO အတွင်းရေးမှူးရုံးသည် ယင်းနှင့်ပတ်သက်၍ တရုတ်ဘက်သို့ ပြန်လည်ဖြေရှင်းခဲ့ကြောင်း၊ Dr. Tedros Adhanom Ghebreyesus သည် လူသိရှင်ကြား သို့မဟုတ် သီးသန့်နေရာတွင် ယင်းကဲ့သို့ စကားမျိုး မပြောကြားခဲ့ဟု အလေးပေး ပြောကြားခဲ့ကြောင်း၊ သက်ဆိုင်ရာ သတင်းဖော်ပြသည့် အကြောင်းအရာများသည် လုံးဝ မှန်ကန်မှု မရှိကြောင်း၊ WHO အကြီးအကဲသည် သတင်းထဲမှ သက်ဆိုင်ရာအကြောင်းအရာများကို လုံးဝ ကန့်ကွက်ကြောင်း ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

၂၂ ရက်နေ့တွင် ကျင်းပသော နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဝမ်ဝင်ပင်က ကိုရိုနာဗိုင်းရပ်စ် ဝူဟန့်ဓာတ်ခွဲခန်းမှ ထွက်လာသည် ဆိုသည်မှာ တရုတ်ဆန့်ကျင်ရေးအင်အားစုများက နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် လုပ်ကြံဖန်တီးထားသော မုသားစကားဖြစ်ပြီး သိပ္ပံနည်းကျမှု လုံးဝ မရှိကြောင်း မေးခွန်းများ ဖြေကြားစဉ်တွင် အလေးပေး ပြောကြားခဲ့သည်။