ဒိန်းမတ်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ထပ်မံမြင့်တက်လာသဖြင့် အသက်၅၀ ကျော်သူများအား စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးပေးမည်

(GMT+08:00)2022-06-23 15:45:14  

ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ် Fraser Ricksen သည် ယခုလ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲကို ကျင်းပပြီး၊ ယခုရက်များတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ထပ်မံမြင့်တက်လာခြင်းကြောင့် လုပ်ဆောင်ချက်အသစ်များကို ထုတ်ပြန်ကြေညာခဲ့သည်။ ဒိန်းမတ်အစိုးရအနေနှင့် ၂ သန်း ၅ သိန်းရှိသော အသက် ၅၀ကျော် နိုင်ငံသားများအား စတုတ္ထအကြိမ် ကာကွယ်ဆေး ထိုးပေးမည်ဟု ဆင်ဟွာသတင်းအရ သိရသည်။