နိုင်ငံရေး စိမ့်ဝင်မှုကို ပြောရလျှင် အမေရိကန်နှင့် ဗြိတိန်တို့သည် ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်သည်ဟု တရုတ်ဆို

(GMT+08:00)2022-06-22 13:34:43  

“Five Eyes မဟာမိတ်အဖွဲ့”သည် တရုတ်နိုင်ငံက အနောက်နိုင်ငံများကို “နိုင်ငံရေး စိမ့်ဝင်မှု” ပြုလုပ်နေခြင်းဆိုင်ရာ ကောလာဟလများကို လုပ်ကြံဖန်တီးရန် စီစဉ်နေပြီး တရုတ်နိုင်ငံ၏ နိုင်ငံတကာပုံရိပ်ကို ဖျက်ဆီးရန် ကြံစည်နေသည်ဟု သတင်းရရှိပါသည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က နိုင်ငံရေး စိမ့်ဝင်မှုကို ပြောရလျှင် အမေရိကန်နှင့် ဗြိတိန်တို့သည် အမြဲ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်သည်ဟု ယခုလ ၂၁ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ဝမ်ဝင်ပင်က အမေရိကန်သည် “လွတ်လပ်ရေးနှင့် ဒီမိုကရေစီ”ဟူသော ဆိုင်းဘုတ် ဖြင့် အရှေ့ဥရောပ၊ အလယ်အာရှ၊ အရှေ့အလယ်ပိုင်းဒေသနှင့် လက်တင်အမေရိက စသည့် ဒေသများတွင် “Color Revolution”များကို ပြုလုပ်ပြီး ဒေသတွင်း မတည်မငြိမ်မှုများကို ပြုလုပ်ကာ ရည်ရွယ်ချက်မှာ ၄င်းတို့၏ ပထဝီ နိုင်ငံရေး ဆိုင်ရာ ရည်မှန်းချက်များကို ဖေါ်ဆောင်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။