ကမ္ဘောဒီးယားရွာသားများသည် အလေးချိန် ကီလိုဂရမ် ၃၀၀ ရှိသော ကမ္ဘာ့အကြီးဆုံး ရေချိုငါးတစ်ကောင်ကို မဲခေါင်မြစ်အတွင်း ဖမ်းမိခဲ့

(GMT+08:00)2022-06-22 13:37:01  

အိန္ဒိယနိုင်ငံ နယူးဒေလီ ရုပ်မြင်သံကြားဌာနမှ ဇွန်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းအရ ကမ္ဘောဒီးယားရွာသားများသည် မဲခေါင်မြစ်အတွင်း ကီလိုဂရမ် ၃၀၀ အလေးချိန်ရှိသော Stingray ငါးတစ်ကောင်ကို ဖမ်းမိပြီး ၄င်းကို ကမ်းပေါ် ဆွဲတင်ရန် လူ ဆယ်ဦးကျော် လိုအပ်ကြောင်း သိရပါသည်။

သုတေသီများက ၎င်းသည် ကမ္ဘာပေါ်တွင် လူအများ ရှာဖွေတွေ့ရှိသည့် အကြီးဆုံး ရေချိုငါး ဖြစ်သည်ဟု ပြောပါသည်။ အဆိုပါ ငါးကို အီလက်ထရွန်နစ်နည်းဖြင့် မှတ်သားကာ မြစ်ထဲသို့ ပြန်လွှတ်ပေးခဲ့ပြီး သိပ္ပံပညာရှင်များက ၎င်း၏ လှုပ်ရှားမှုနှင့် အပြုအမူကို စစ်ဆေးမည် ဖြစ်ပါသည်။ အမေရိကန် ဇီဝဗေဒပညာရှင် Zeb Hogan က ယင်းငါးသည် ကမ္ဘာပေါ်တွင်  အကြီးဆုံး ရေချိုငါး ဖြစ်သောကြောင့် အလွန် စိတ်လှုပ်ရှားစရာ ကောင်းကြောင်း၊ ယင်းသည် မဲခေါင်မြစ်၏ ပတ်ဝန်းကျင် ကောင်းမွန်နေသေးသည်ကို ပြသနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။