၁၂နှစ်ကြာ သုတေသနပြုပြီး ပထမအကြိမ် လွှတ်တင်မှု ရှုံးနိမ့်ခဲ့ရသော်လည်း ကမ္ဘာ့ ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်ဟု တောင်ကိုရီးယား ထုတ်ပြန်ကြေညာ

(GMT+08:00)2022-06-22 13:38:06  

ဒေသစံတော်ချိန် ဇွန်လ ၂၁ရက်နေ့ ညနေပိုင်းက တောင်ကိုရီးယား သိပ္ပံနည်းပညာ အချက်အလက်ဝန်ကြီးသည် ကမ္ဘာ့သယ်ဆောင်ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင် ခဲ့ကြောင်း၊ ပျံသန်းမှုအမြင့်သည် ကီလိုမီတာ ၇၀၀ ပစ်မှတ်အမြင့်သို့ ရောက်ရှိပြီး ဂြိုဟ်တုသည် ကြိုတင်သတ်မှတ်ထားသော ပတ်လမ်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ယခင်က လေပြင်း တိုက်ခတ်ခြင်းနှင့် Oxidant tank အချက်အလက်ပြဿနာကြောင့် ယင်းဒုံးပျံ လွှတ်တင်ရန် နှစ်ကြိမ် ရွှေ့ဆိုင်းခဲ့ရကြောင်း သတင်းအရ သိရပါသည်။