အမေရိကန်က ထိရောက်သော ဆောင်ရွက်မှုများကို အချိန်ကြာမြင့်စွာ လုပ်ဆောင်မှု မရှိသဖြင့် သေနတ်ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားခြင်းအပေါ် တရုတ်တုံ့ပြန်ပြောဆို

(GMT+08:00)2022-06-22 13:35:15  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အမေရိကန်နိုင်ငံတွင် ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားခြင်းကို တုံ့ပြန်ရာတွင် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံတွင် သေနတ်ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားခြင်းအပေါ် ဝမ်းနည်း မိကြောင်း၊ အမေရိကန် အစိုးရက သေနတ်ပစ်ခတ်မှု လျှော့ချရေးအတွက် ထိရောက်သော ဆောင်ရွက်မှုများကို အချိန်ကြာမြင့်စွာ လုပ်ဆောင်မှု မရှိခြင်းအပေါ် အာရုံစူးစိုက်ပြီး စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

သက်ဆိုင်ရာသတင်းအရ လွန်ခဲ့သော စနေနေ့နှင့် တနင်္ဂနွေနေ့တွင်ပင် အမေရိကန်နိုင်ငံ၌ ပစ်ခတ်မှု ၂၂၀ ခန့် ဖြစ်ပွားခဲ့ပြီး လူ ၉၀ ခန့် သေဆုံးခဲ့သည်ဟု သတင်းရရှိပါသည်။