ကမ္ဘာ့ဒုက္ခသည်များနေ့ - နေရပ်စွန့်ခွါတိမ်းရှောင်ခြင်း

(GMT+08:00)2022-06-22 13:39:25  

ဇွန်လ ၂၀ ရက်နေ့သည် ကမ္ဘာ့ဒုက္ခသည်များနေ့ ဖြစ်သည်။ ကုလသမဂ္ဂ ဒုက္ခသည်များရေးရာ မဟာမင်းကြီးရုံး (UNHCR) မှ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည့် နောက်ဆုံး အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ တစ်ကမ္ဘာလုံးတွင် နေရပ်စွန့်ခွါရသူ ဦးရေမှာ ၈၉.၃ သန်း ရှိလာပြီး စံချိန်အသစ် တင်ခဲ့သည့်အပြင် ၂၀၂၀ပြည့်နှစ်ကထက် ၈% တိုးများလာကာ လွန်ခဲ့သည့် ဆယ်နှစ်နှင့် နှိုင်းယှဉ်ပါက တစ်ဆကျော် တိုးများလာသည်။

လတ်တလောတွင် အစိုးရ ဆန့်ကျင်ရေးလက်နက်ကိုင် “M23 လှုပ်ရှားမှု” ၏ လက်နက်ကိုင် အဖွဲ့ဝင်များက ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ မြောက်ကီဗူပြည်နယ် ဒေသအများအပြားတွင် အစိုးရတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားသောကြောင့် ပြည်သူအများအပြားသည် စစ်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်။