ဂျပန်ကုမ္ပဏီများက အင်းဆက်ပိုးကောင် အစားအစာကို အားကောင်းစွာ တွန်းအားပေး----ပုရစ်သည် အမဲသားထက် ဈေး ပိုသက်သာ

(GMT+08:00)2022-06-22 13:38:47  

ဂျပန်ကုမ္ပဏီများသည် စားသုံးနိုင်သော အင်းဆက် ပိုးကောင်များကို စွန့်ပစ် အပူစွမ်းအင်ဖြင့် မွေးမြူရန်နှင့် ကာဗွန်လျှော့ချသော စွမ်းအင်ချွေတာရေးနည်းလမ်းဖြင့် ပုရစ်ကို မွေးမြူရန် ယခုတလော ပူးတွဲသုတေသန ပြုလုပ်ကြကြောင်း၊ လူသားအတွက် ပရိုတင်းဓာတ် ဖြည့်စွက်ပေးသော အရင်းအမြစ်အနေနှင့် ပုရစ်သည် အမဲသားထက် ဈေး ပိုသက်သာသောကြောင့် အချို့ဂျပန်ကုမ္ပဏီများသည် ဂျပန်နိုင်ငံ၌ ပုရစ်အစားအစာကို အားကောင်းစွာ တွန်းအားပေးမည်ဟု ဂျပန်သုတေသနပြုသူက ပြောကြားကြောင်း ဂျပန် KeizaiShimbunမှ ၂၀ရက်နေ့ထုတ် သတင်းအရ သိရသည်ဟု China Media Groupက ဖော်ပြသည်။