ဗြိတိန်တွင် နှစ် ၃၀အတွင်း အကြီးမားဆုံး ရထားလမ်း သပိတ်ကြီး ဖြစ်ပွား

(GMT+08:00)2022-06-22 13:37:36  

ဗြိတိန်အစိုးရနှင့် မီးရထား အလုပ်သမား သမဂ္ဂတို့အကြား လစာတိုးမြှင့်ရေးပြဿနာ ဆိုင်ရာ ညှိနှိုင်းမှု ပျက်ကွက်ခဲ့သောကြောင့်၊ ဗြိတိန် မီးရထားသွားလာရေးလုပ်ငန်း ၁၄ခုမှ ရထားဝန်ထမ်း ၄၀၀၀၀ ကျော်တို့သည် ယခုလ ၂၁ရက်နေ့မှစ၍ ၃ ရက်ကြာ သပိတ်မှောက်မှုကို ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ယင်းမှာ ပြီးခဲ့သည့် နှစ် ၃၀ အတွင်း ဗြိတိန်၌ ဖြစ်ပွားသည့် အတိုင်းအတာ အကြီးမားဆုံး ရထားလမ်း သပိတ်ကြီး ဖြစ်ကြောင်း BBC မှ သတင်းအရ သိရသည်။

ယင်းသပိတ်လှုပ်ရှားမှုကို ယခုလ ၂၁ ရက်နေ့၊ ၂၃ ရက်နေ့နှင့် ၂၅ ရက်နေ့တွင် အသီးသီး ပြုလုပ်မည်ဖြစ်ပြီး၊ ထိုအချိန်တွင်  မီးရထား ၈၀ ရာခိုင်နှုန်း ရပ်ဆိုင်းသွားမည်ဟု သတင်းအရ သိရသည်။