အမေရိကန်သည် ၄င်း “မုသားစကား ဥပဒေ”ကြောင့် ဒုက္ခတွင်း ကျရောက်မည်

(GMT+08:00)2022-06-22 13:36:19  

ဒေသ စံတော်ချိန် ယခုလ ၂၁ရက်နေ့က အမေရိကန်၏ “ဝေဂါ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း ကြိုတင် ကာကွယ်ရေး ဥပဒေ”ဆိုသည်မှာ စတင် တရားဝင် အာဏာ တည်ခဲ့သည်။ ၄င်းမုသားစကား ပြည့်နှက်နေသည့် ဥပဒေတွင် အတင်းအဓမ္မ အလုပ်လုပ်ခိုင်းခြင်း မရှိဟု ရှင်းလင်းပြတ်သားသော သက်သေ အထောက်အထား ပြသနိုင်သည့် ကုန်ပစ္စည်း များမှလွဲ၍ တရုတ်ပြည် ရှင်းကျန်းမှ ကုန်ပစ္စည်း တင်သွင်းမှုကို ပိတ်ပင်ကြောင်း ဖော်ပြသည်။ ယင်းသည် အမေရိကန်ဘက်မှ ရှင်းကျန်း လူ့အခွင့်အရေး အခြေအနေကို သရုပ်ဖျက်ရန်နှင့် လူ့အခွင့်အရေးကို လက်နက်အဖြစ် အသုံးပြုရန် နောက်ဆုံး လုပ်ဆောင်ချက် ဖြစ်သည်။ ရည်ရွယ်ချက်မှာ ရှင်းကျန်း၏ ဝါဂွမ်း၊ ခရမ်းချဉ်သီးနှင့် နေစွမ်းအင် စသည့် အားသာချက်ရှိသော လုပ်ငန်းများကို ဖိနှိပ်ပြီး တရုတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားရန်ပင် ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် အမေရိကန်သည် ယင်းအရေးယူ ပိတ်ဆို့မှု၏ ဆိုးကျိုးများကို ခံရမည် ဖြစ်သည်။

၎င်း “မုသားစကား ဥပဒေ” ကျင့်သုံးပြီးနောက် နိုင်ငံတကာ ကုန်သွယ်ရေး စည်းစနစ်ကို အနှောင့်အယှက်ပေးပြီး ကမ္ဘာတစ်ဝန်း လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက် တည်ငြိမ်မှုကို ဖျက်ဆီးမည် ဖြစ်ကာ ရှင်းကျန်းရှိ နိုင်ငံခြားသို့ ကုန်ပစ္စည်း တင်ပို့ရောင်းချမှုကို လုပ်ကိုင်သော ကုမ္ပဏီ အချို့သည် ထိခိုက်မှု ခံနိုင်ဖွယ်ရာရှိကြောင်း၊ သို့သော် အမေရိကန်မှ စီးပွားရေး နယ်ပယ်တွင် တရုတ် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ထိန်းချုပ်ဟန့်တားရန် ကြံစည်ချက်သည် ထမြောက်အောင်မြင်မည် မဟုတ်ကြောင်း၊ အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုသည် ရှင်းကျန်း ထုတ်ကုန်ပစ္စည်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို ဖျက်ဆီးနိုင်မည် မဟုတ် ကြောင်း အကဲခတ်များက ယူဆကြသည်။

အမေရိကန်နိုင်ငံသည် ၄င်း “မုသားစကား ဥပဒေ”ကြောင့် ဒုက္ခတွင်း ကျရောက်နိုင်ဖွယ်ရာ ရှိပြီး အမေရိကန် စားသုံးသူများသည် ယင်းအတွက် ပေးဆပ်ရမည် ဖြစ်သည်။ အမေရိကန်၏ ယင်း “မုသားစကား ဥပဒေ” ကျင့်သုံးခြင်းသည် သူနာကိုယ်နာ ဖြစ်မည် ဖြစ်သည်။ တရုတ်ပြည် အနေနှင့် အားကောင်းထိရောက်သော ဆောင်ရွက်ချက်များကို ကျင့်သုံးပြီး တရုတ် လုပ်ငန်း ကုမ္ပဏီများနှင့် နိုင်ငံသားများ၏ တရားဝင် အခွင့်အရေးကို ပြတ်သားစွာ ထိန်းသိမ်းကာကွယ်ကာ ကမ္ဘာတစ်ဝန်း လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေး ကွင်းဆက် တည်ငြိမ်မှုကို ထိန်းသိမ်း ကာကွယ်မည် ဖြစ်သည်။ “မုသားစကား ဥပဒေ”ကို ရေးဆွဲ ချမှတ်ဖန်တီးသူများသည် ကြီးမားသည့် ဆုံးရှုံးနစ်နာမှု ရရှိမည် ဖြစ်သည်။