ဆီးရီးယားတွင် ဘတ်စ်ကားတစ်စီး တိုက်ခိုက်ခံရသောကြောင့် လူ ၁၃ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရရှိ

(GMT+08:00)2022-06-21 17:48:32  

ဆီးရီးယားစစ်ဘက်သည် ဇွန်လ ၂၀ရက်နေ့တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင် ထိုနေ့ နံနက် ၆နာရီ မိနစ်၃၀ အချိန်ခန့်တွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီးသည် ရာခါ ပြည်နယ်နှင့် အလယ်ပိုင်းဒေသရှိ ဟွမ်စ် ပြည်နယ်ကြား လမ်းမကြီးပေါ်၌ အကြမ်းဖက်တိုက်ခိုက်မှု ခံခဲ့ရသောကြောင့် စစ်ဘက်ဆိုင်ရာ ဝန်ထမ်း ၁၁ဦးနှင့် အရပ်သား ၂ ဦး သေဆုံးပြီး စစ်ဘက်ဆိုင်ရာ ဝန်ထမ်း ၃ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

“ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့”က အစွန်းရောက်အဖွဲ့ အိုင်အက်စ်သည် ယင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း သတင်းဖော်ပြထားပါသည်။