ယခု သီတင်းပတ်တွင် ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးသည် ယူကရိန်းအား အဖွဲ့ဝင် အဖြစ် အရွေးခံရန် နိုင်ငံ နေရာ ပေး မပေးနှင့်ပတ်သက်၍ ဆွေးနွေးမည်

(GMT+08:00)2022-06-21 17:47:14  

ဇွန်လ ၂၃ရက်နေ့မှ ၂၄ရက်နေ့အထိ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင် များသည် ထိပ်သီးအစည်းအဝေးကို ကျင်းပမည်ဖြစ်ပြီး ယူကရိန်းနိုင်ငံအား အဖွဲ့ဝင် အဖြစ် အရွေးခံရန် နိုင်ငံ နေရာ ပေး မပေးနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း၊ ဒေသစံတော်ချိန် ဇွန်လ ၁၉ရက်နေ့က ယူကရိန်းနိုင်ငံသမ္မတ Zelenskyy က ယခုသီတင်းပတ်သည် “သမိုင်းဝင် သီတင်းပတ်တစ်ပတ်”ဖြစ်မည်ဟု ပြောကြားကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ဥရောပသမဂ္ဂကော်မတီမှ ဖော်ပြချက်နှင့်ပတ်သက်၍ ရုရှားသမ္မတပူတင်က ရုရှားဘက်သည် ယူကရိန်းအနေနှင့် ဥရောပသမဂ္ဂ၌ ပါဝင်ခြင်းကို မကန့်ကွက်သော်လည်း ဥရောပသမဂ္ဂ၌ ပါဝင်ပြီး ယူကရိန်းစီးပွားရေးတိုးတက်မှုအတွက် တွန်းအားသစ် ပေးနိုင် မပေးနိုင်အပေါ် ယုံမှားသံသယဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။