တောင်ကိုရီးယားလေတပ်သည် "Soaring Eagle" စစ်ရေးလေ့ကျင့်မှုကို ၅ နှစ်အကြာတွင် ထပ်မံ လူသိရှင်ကြား ပြုလုပ်

(GMT+08:00)2022-06-21 17:49:52  

ဇွန်လ ၂၀  ရက်နေ့က တောင်ကိုရီးယား လေတပ်သည် မြောက် Chungcheong ပြည်နယ်ရှိ Cheongju လေတပ်အခြေစိုက်စခန်း၌ "Soaring Eagle" လေကြောင်းတိုက်ခိုက်ရေးလေ့ကျင့်မှုကို စတင်ခဲ့သည်။ ယင်းသည် တောင်ကိုရီးယားလေတပ်အနေနှင့် ၅ နှစ်အကြာတွင် ယင်းစစ်ရေး လေ့ကျင့်မှုကို ပထမဆုံးအကြိမ် လူသိရှင်ကြား ပြုလုပ်ခြင်းဖြစ်ပါသည်။

၂၀၁၈ခုနှစ်ကစပြီး တောင်-မြောက်ကိုရီးယားနိုင်ငံ ဆက်ဆံမှု ပြန်လည် နွေးထွေးလာပြီးနောက် တောင်ကိုရီးယားလေတပ်သည် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို လူသိရှင်ကြား ပြုလုပ်ခြင်း မရှိပါ။ သို့သော် မြောက်ကိုရီးယားက သတ္တမမြောက် နျူကလီးယားစမ်းသပ်မှု အဆင်သင့်ဖြစ်နေပြီ ဟူသော လက္ခဏာရှိပြီး ဒုံးခွင်းဒုံးကျည်များ ဆက်တိုက် ပစ်ခတ်ခဲ့သည့် အခြေအနေမျိုးတွင် တောင်ကိုရီးယား၏ စစ်ရေး လေ့ကျင့်မှုပြုလုပ်ခြင်းသည် မြောက်ကိုရီးယားအား သတိပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း Yonhap သတင်းဌာနမှ သတင်းအရ သိရပါသည်။