ယင်းစာလုံးပေါင်း ၄သောင်းရှိသည့် ဆောင်းပါးသည် အမေရိကန်၏ “မုသားစကား အင်ပါယာ(empire)” အတွင်းသရုပ်ကို ဖွင့်ချဖော်ထုတ်

(GMT+08:00)2022-06-21 17:45:34  

မကြာခင်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးBlinkenက အာရှ အသင်းတွင် တရုတ် နိုင်ငံ ဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားရာ၌ တရုတ်ပြည်မှ ခြိမ်းခြောက်မှု သီအိုရီကို ချဲ့ကားပြောဆိုပြီး တရုတ်ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက် ပြောဆိုကာ တရုတ်ပြည်၏ ပြည်တွင်း ပြည်ပ မူဝါဒများကို ပုတ်ခတ်ပြောဆိုခဲ့သည်။ Blinkenက ၄င်း၏ ပြောဆိုချက်ကို မည်သို့ပင် ဟန်ဆောင် အမွှမ်းတင်သည် ဖြစ်စေ၊ တရုတ်ပြည် အပေါ် ဘက်စုံ ဖိနှိပ် ဟန့်တား ထိန်းချုပ်ရန် အမေရိကန်၏ စစ်မှန်သော ရည်မှန်းချက်ကို မဖုံးကွယ်နိုင်ပါ။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယခုလ ၁၉ရက်နေ့ ညက ထုတ်ပြန်ခဲ့သော “တရုတ်ပြည်အပေါ် အမေရိကန်၏ သိမြင်မှုတွင် မှားယွင်းချက်များနှင့် သက်ဆိုင်ရာ အဖြစ်မှန်များ”ဟူသော ဆောင်းပါးရှည်တွင် အဖြစ်မှန်များနှင့် ကိန်းဂဏန်းများဖြင့် တရုတ်ပြည် ဆိုင်ရာ အမေရိကန်၏ မူဝါဒများ၏ လိမ်လည်မှု၊ ဟန်ဆောင်ထားမှုနှင့် အန္တရာယ်များကို ဖော်ထုတ်သည်။

ယင်းစာလုံးပေါင်း ၄သောင်းရှိသည့် ဆောင်းပါးရှည်တွင် တရုတ်ပြည်ဆိုင်ရာ အမေရိကန်၏ မူဝါဒ၌ မှားယွင်းချက် ၂၁ခုကို ဖော်ပြထားပြီး သေချာတိကျသော အထောက်အထားများဖြင့် ကမ္ဘာအား အမေရိကန်သည် ကမ္ဘာ့စည်းစနစ်ကို အကြီးဆုံး ဖျက်ဆီးသူ၊ ခြိမ်းခြောက် အကျပ်ကိုင်သည့် သံတမန်ရေးကို တီထွင်ဖန်တီးသူ၊ ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးကို အကြီးဆုံးကျူးကျော်ထိပါးသူနှင့် ဆိုက်ဘာ တိုက်ခိုက်မှု အများဆုံး ပြုလုပ်သော နိုင်ငံ ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိမြင်လာစေသည်။

အမေရိကန်က “နိုင်ငံတကာစည်းစနစ်၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို  ထိန်းသိမ်းကာကွယ်သည်”ဟု တဖွဖွ ပြောဆိုသော်လည်း ၄င်း၏ လက်တွေ့ဆောင်ရွက်မှုများ သည် ပြောဆိုချက်နှင့် ဖီလာဆန့်ကျင် ဖြစ်နေသည်။ တရုတ်ပြည် အပေါ် အမေရိကန်၏ သားပုပ်လေလွင့်ပြောဆိုခြင်းနှင့် သရုပ်ဖျက်ခြင်းသည် သူခိုးလူလူဟစ် လုပ်ရပ်ပင်ဖြစ်သည်။ အမေရိကန် အမွှမ်းတင် ပြောဆိုသည့် “စည်းမျဉ်းဥပဒေကို အခြေခံသည့် နိုင်ငံတကာ စည်းစနစ်”သည် အမှန်တကယ်တော့ ဗိုလ်ကျမှု နိုင်ငံရေးပင် ဖြစ်သည်။ အမေရိကန်ဘက်က မည်သို့ပင် ဟန်ဆောင် အမွှမ်းတင်သည် ဖြစ်စေ၊ ၄င်း၏ တရုတ် ဖွံ့ဖြိုးတိုးတက်ရေး အပေါ် ထိန်းချုပ်ဟန့်တားရန်နှင့် အမေရိကန် ပုံစံ ဗိုလ်ကျလွှမ်းမိုးရေး အာဏာအတွက် တစ်ကမ္ဘာလုံး ပြည်သူများအား ပေးဆပ်စေရန် ရည်ရွယ်ချက်ကို မဖုံးကွယ်နိုင်ပါ။