သြဂုတ်လတွင် ရုရှားနှင့် ဆွေးနွေးပွဲ ပြန်လည်စတင်မည်ဟု ယူကရိန်း ဆို၊ အနောက်တိုင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဟန့်တားနေဟု ရုရှား ဆို

(GMT+08:00)2022-06-21 17:52:09  

ရုရှား-ယူကရိန်း စေ့စပ်ဆွေးနွေးပွဲ၏ ယူကရိန်းဘက်မှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် အာရာဟာမီးယားက ယူကရိန်းသည် သြဂုတ်လကုန်တွင် ရုရှားနှင့် စေ့စပ်ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ဖွယ်ရာရှိကြောင်း ယခုလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။ သို့သော် ရုရှားဘက်အနေနှင့် စေ့စပ်ဆွေးနွေးမှု အလားအလာအပေါ် အကောင်းဘက်မှ မြင်ခြင်း မရှိကြောင်း ဖော်ပြခဲ့သည်။ ယူကရိန်းသည် အမေရိကန်နှင့် ဗြိတိန်တို့မှ ကြိုးကိုင်လက်နက် ဖြစ်ပြီး၊ အနောက်တိုင်းအနေနှင့် ယူကရိန်း၊ ရုရှား စေ့စပ်ဆွေးနွေးရန် ခွင့်ပြုမည် မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrovက ယခုလ စောစောပိုင်းက ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။