ယခုနှစ် ပထမ ၅လအတွင်း တရုတ်နှင့် အခြား BRICS နိုင်ငံများအကြား သွင်းကုန်ပို့ကုန် ပမာဏသည် ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁၂.၁ ရာခိုင်နှုန်း တိုးများလာ

(GMT+08:00)2022-06-21 17:44:47  

ယခုနှစ်တွင် တရုတ်နိုင်ငံနှင့် အခြားBRICS နိုင်ငံများအကြား စီးပွားကုန်သွယ်ရေး နယ်ပယ်တွင် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် နက်ရှိုင်းလာပြီး သွင်းကုန်ပို့ကုန်ပမာဏမှာ ဆက်တိုက် တိုးများလာပါသည်။ ယခုနှစ် ပထမ၅လအတွင်း တရုတ်နိုင်ငံနှင့် အခြားBRICS နိုင်ငံများအကြား သွင်းကုန်ပို့ကန်ပမာဏမှာ တရုတ်ယွမ်ငွေ ဘီလီယံ ၁၃၁၀ ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁၂.၁ရာခိုင်နှုန်း တိုးများလာကာ ယခုနှစ် ပထမ၅လအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေး တိုးတက်နှုန်းထက် ၃.၈ ရာခိုင်နှုန်း တိုးများလာခဲ့ပါသည်။ ၄င်းတို့အနက် ပို့ကုန်ပမာဏမှာ တရုတ်ယွမ်ငွေ ၆၅၆ ဘီလီယံရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁၈.၁ ရာခိုင်နှုန်း တိုးများလာခဲ့ပါသည်။ သွင်းကုန်ပမာဏမှာ တရုတ်ယွမ်ငွေ ၆၅၁.၇၁ ဘီလီယံရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၆.၆ ရာခိုင်နှုန်း တိုးများလာခဲ့ပါသည်။