ကာတာအစိုးရသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူဝါဒကို လိုက်နာခြင်းအပေါ် တရုတ် ချီးကျူး

(GMT+08:00)2022-06-21 17:46:40  

ကာတာ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲစည်းရုံးဘက်သည် ၎င်း၏မှတ်ပုံတင်ခြင်း ပလက်ဖောင်းတွင် "ထိုင်ဝမ်" ဟူသော အသုံးအား "တရုတ် တိုင်ပေ" အဖြစ် ပြောင်းလဲခဲ့သည်။ ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဝမ်ဝင်ပင်က ဇွန်လ ၂၀ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ကာတာအစိုးရသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို လေးစားလိုက်နာပြီး နိုင်ငံတကာ အားကစားပွဲများ၏ ပုံမှန်လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ် ဆောင်ရွက်ခြင်းကို ချီးကျူးကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ထို့အပြင် ဝမ်ဝင်ပင်ကလည်း ထိုင်ဝမ်ဒေသသည် တရုတ်နိုင်ငံ၏ ခွဲမရသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူသည်  နိုင်ငံတကာ ဆက်ဆံမှုအတွက် အခြေခံမူ နှင့် နိုင်ငံတကာမိသားစုကြီး၏ သဘောတူညီချက် ဖြစ်ကြောင်း ဝမ်ဝင်ပင်က ထပ်လောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။