ရှီကျင့်ဖိန်သည် ကြည်းတပ် ခြေလျင်တပ် ကောလိပ်မှ ၂၀၂၂ခုနှစ် ကျောင်းအောင်သည့် ကျောင်းသူကျောင်းသား အားလုံးကို စာပြန်ပြီး အားပေး

(GMT+08:00)2022-06-21 17:43:35  

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကြည်းတပ် ခြေလျင်တပ် ကောလိပ်မှ ၂၀၂၂ခုနှစ် ကျောင်းအောင်သည့် ကျောင်းသူကျောင်းသား အားလုံးကို မကြာခင်က စာပြန်ပြီး အားပေးခဲ့သည်။

၎င်းပြန်စာတွင် ရှီကျင့်ဖိန်က ခင်ဗျားတို့ ယုံကြည်ချက်ကို ခိုင်မာစေပြီး လက်တွေ့ကျကျ ဆောင်ရွက်ကာ ကြိုးပမ်းတိုက်ခိုက်၍ တိုးတက်မှု ဆက်တိုက် ရရှိပြီး တပ်မတော် အားကောင်း တောင့်တင်းရေး အတွက် အကျိုးပြု စွမ်းဆောင်ရန် မျှော်လင့်ကြောင်း ရေးသားဖော်ပြသည်။