အမေရိကန် ဝါရှင်တန်ဒီစီ မြို့တော်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွါးပြီး လူ ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိ

(GMT+08:00)2022-06-21 17:50:51  

ယခုလ ၁၉ ရက်နေ့ ညက အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြို့တော်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွါးပြီး လူ ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဝါရှင်တန်ဒီစီ ရဲဘက်မှ ထုတ်ပြန်ချက်အရ သေနတ်ပစ်ခတ်မှုသည် မြို့မြောက်ပိုင်းရှိ စီးပွါးရေးဇုန်တွင် ဖြစ်ပွါးခဲ့ပြီး အနီးတွင် အမိုးဖွင့်ဂီတပွဲကို ကျင်းပနေကြောင်း သိရပါသည်။ သေဆုံးသူသည် အသက် ၁၅ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူများတွင် ရဲဝန်ထမ်း တစ်ဦးလည်း ပါဝင်ကြောင်း၊ ရဲဘက်က အခင်းဖြစ်ပွားရာ နေရာကို ချက်ချင်း ပိတ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ သံသယရှိသူနှင့် ပတ်သက်သည့် အချက်အလက်များ မသိရှိရသေးကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။