တရုတ် စီးပွားရေး တည်ငြိမ်စွာ တိုးတက်လာခြင်းသည် နိုင်ငံတကာမိသားစုကြီး၏ တရုတ်စီးပွားရေးတိုးတက်မှု အလားအလာ အပေါ် ယုံကြည်မှု ပိုမိုမြင့်တက်လာစေ

(GMT+08:00)2022-06-21 17:48:00  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် လူမှုစီးပွားရေးတိုးတက်မှုဆိုင်ရာ မူဝါဒများ၏ ထိရောက်မှုက ဆက်တိုက် ပေါ်လွင်လာသည်နှင့်အမျှ တရုတ် စီးပွားရေး တည်ငြိမ်စွာ တိုးတက်လာခြင်း သည် နိုင်ငံတကာမိသားစု၏ တရုတ်စီးပွားရေးတိုးတက်မှု အလားအလာ အပေါ် ယုံကြည်မှု ပိုမိုမြင့်တက်လာစေကြောင်း ဇွန်လ ၂၀ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

တတိယအကြိမ်မြောက် မာလ်တီနေရှင်နယ် ကော်ပိုရေးရှင်း ခေါင်းဆောင်များ (ချင်းတောင်) ထိပ်သီးအစည်းအဝေးမှ ထုတ်ပြန်သော အစီရင်ခံစာအရ တရုတ်နိုင်ငံသည် မာလ်တီနေရှင်နယ် ကော်ပိုရေးရှင်း၏ တစ်ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအတွက် အရေးကြီးသော ဦးတည်ရာတစ်ခု ဖြစ်မြဲဖြစ်နေသေးဖြစ်ကြောင်း သိရပါသည်။