ရေနံဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ထိုင်းနိုင်ငံသည် ဘတ်စ်ကား စီးရေ သိသိသာသာ လျှော့ချသွားမည်

(GMT+08:00)2022-06-21 17:49:22  

ဇူလိုင် ၁ ရက်နေ့မှစ၍ ထိုင်းနိုင်ငံအတွင်း ဘတ်စ်ကားကုမ္ပဏီ ၂၇ ခုမှ ခရီးစဉ် ၁၄၃ ခု ပြေးဆွဲခွင့်ကို ၈၀ ရာခိုင်နှုန်း လျှော့ချရန် ဘတ်စ်ကားလုပ်ငန်းကုမ္ပဏီအသင်းက ဆုံးဖြတ်ခဲ့ကြောင်း ထိုင်း ဘတ်စ်ကား အသင်း ဥက္ကဋ္ဌ ပီချီက ယမန်နေ့ ၂၀ ရက်နေ့က ဖော်ပြခဲ့ပါသည်။ အကြောင်းရင်း ကတော့ ရေနံဈေးနှုန်း အထူးသဖြင့် ဒီဇယ်ဆီ ဈေးနှုန်း မြင့်တက်လာ၍ ကုမ္ပဏီများက မခံနိုင်ခြင်းကြောင့် ဖြစ်ပါသည်။ ပီချီက ဘတ်စ်ကား သက်ဆိုင်ရာ မူဝါဒကို ထိန်းညှိပြီး ကုမ္ပဏီများအား လက်မှတ်ဈေးနှုန်းကို သင့်လျော်စွာ တိုးမြှင့်ခွင့်ပြုရန်လည်း အစိုးရအား တောင်းဆိုထားပါသည်။