ကမ္ဘာ့ဒုက္ခသည်ပြဿနာ ဆက်လက်ဆိုးရွားလာပြီး အမေရိကန် ဦးဆောင်သော အနောက်နိုင်ငံ များသည် အစပြုသူများဖြစ်သည်ဟု တရုတ်ဆို

(GMT+08:00)2022-06-21 17:51:25  

ယခုလ ၂၀ ရက်နေ့သည် ၂၂ ကြိမ်မြောက် ကမ္ဘာ့ဒုက္ခသည်များနေ့ ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အမေရိကန် ဦးဆောင်သော အနောက်နိုင်ငံအချို့သည် စစ်ပွဲနှင့် မတည်ငြိမ်မှုများကို အချိန်အတော်ကြာ ပြုလုပ်ခဲ့ပြီး အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်များကို ဖန်တီးခဲ့သဖြင့် ကမ္ဘာ့ဒုက္ခသည် ပြဿနာများ၏ အစပြုသူများ ဖြစ်သည်ဟု ၂၀ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရပါသည်။