ပဋိပက္ခအတွင်း လိင်ပိုင်း အကြမ်းဖက်မှုအန္တရာယ်ကို ပပျောက်စေရန် ကုလ အတွင်းရေးမှူးချုပ် ပန်ကြား

(GMT+08:00)2022-06-20 15:17:54  

  ဇွန်လ ၁၉ ရက်နေ့သည် “နိုင်ငံတကာ ပဋိပက္ခအတွင်း လိင်ပိုင်း အကြမ်းဖက်မှု ပပျောက်ရေးနေ့” ဖြစ်ပါသည်။ ယင်းနေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က မိန့်ခွန်း ပြောကြားပြီး နိုင်ငံတကာမိသားစုကြီး အနေနှင့် ပဋိပက္ခအတွင်း လိင်ပိုင်း အကြမ်းဖက်မှုအန္တရာယ်ကို ပပျောက်စေရန် ပန်ကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

  ဂူတာရက်စ်က နိုင်ငံတကာမိသားစုကြီးအနေနှင့် အကြမ်းဖက်ခံရသူနှင့် လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှု ခံရသော အိုးမဲ့အိမ်မဲ့ အမျိုးသမီး၊ မိန်းကလေး၊ ယောင်္ကျားလေးများအား ထောက်ခံမှုကို အားဖြည့်ရန်၊ နိုင်ငံ၏ တရားရေးစနစ်နှင့် ဥပဒေ စိုးမိုးရေးကို အားဖြည့်ပြီး ပြစ်မှုကျူးလွန်သူများအား ဒဏ်ပေးအရေးယူ၍ အကြမ်းဖက်ခံရသူများအား ထောက်ခံပေးရန်၊ အမျိုးသမီးနှင့် မိန်းကလေးများအား ကာကွယ်သော၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုရှိသော လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ အဟန့်အတားများကို အစွမ်းကုန် ဖယ်ရှားပေးရန်၊ ပဋိပက္ခအတွင်း လိင်ပိုင်း အကြမ်းဖက်မှု၏ အရင်းအမြစ် ပြဿနာကို ဖြေရှင်းပြီး ကြိုတင်သတိပေးရေးစနစ်ကို အားဖြည့်၍  ဤကဲ့သို့သော ပြစ်မှုများ မဖြစ်ပွားစေဖို့ ကာကွယ်ပေးရန် ဆောင်ရွက်ရ မည်ဟု ပန်ကြား ပြောကြားခဲ့ပါသည်။

   ၂၀၁၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ဆုံးဖြတ်ချက်ကို အတည်ပြုပြီး နှစ်စဉ် ဇွန်လ ၁၉ ရက်နေ့ကို “နိုင်ငံတကာ ပဋိပက္ခအတွင်း လိင်ပိုင်း အကြမ်းဖက်မှု ပပျောက်ရေးနေ့” အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ပါသည်။