ထရန့်သည် လွှတ်တော်မှုခင်းကြောင့် တရားစွဲဆိုသင့်ဟု အမေရိကန် နိုင်ငံသား ၆၀ ရာခိုင်နှုန်း ယူဆ

(GMT+08:00)2022-06-20 15:20:28  

ဒေသစံတော်ချိန် ဇွန်လ ၁၉ ရက်နေ့က အမေရိကန် ABC သတင်းဌာနနှင့် အတိုင်ပင်ခံကုမ္ပဏီ အစ်ဖ်ဆို့စ် တို့ ပူးပေါင်းထုတ်ပြန်သော နောက်ဆုံးစစ်တမ်းကောက်ယူမှု အရ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန် လွှတ်တော်အဆောက်အအုံအတွင်း ဝင်ရောက် တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အောက်လွှတ်တော် စုံစမ်းစစ်ဆေးရေး အထူးကော်မတီမှ ပြုလုပ်သော ပထမတစ်ပတ် စစ်ဆေးပွဲပြီးနောက် အမေရိကန်နိုင်ငံသား ၆၀ ရာခိုင်နှုန်းတို့သည် သမ္မတဟောင်း ထရန့်အား ယင်းကိစ္စအတွင်း ၄င်း၏ ပါဝင်ဆောင်ရွက်မှုကြောင့် တရားစွဲဆိုသင့်ကြောင်း ယူဆကြသည်။