ရိုးရာ ဘူးသီးထည် လက်မှုပညာ ဆက်ခံခြင်းနှင့် ဆန်းသစ်ခြင်း

(GMT+08:00)2022-06-20 15:19:31  

ဘူးသီးထည် ထုတ်လုပ်ခြင်းသည် တရုတ်ပြည်၌ ကျယ်ကျယ်ပြန့်ပြန့် တည်ရှိသည့် အရပ်ဘက် လက်မှုပညာတစ်ရပ် ဖြစ်ပြီး ဘူးသီးများကို အမွှေးတိုင်အိုး၊ လက်ဖက်ဗူး၊ အရက်ဗူး စသဖြင့်ကို အချောကိုင် ထုတ်လုပ်လေ့ ရှိပါသည်။

ဟိုပေပြည်နယ် ရှီကျားကျွမ်းမြို့သား ဆော်လေသည် ဘူးသီးထည်များကို ၁၇ နှစ်ကြာ ထုတ်လုပ်ခဲ့သည့် နာမည်ကြီး လက်မှုပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် ရိုးရာ ဘူးသီးထည် လက်မှုပညာကို ဆက်ခံသည့် တစ်ချိန်တည်းတွင် ဆန်းသစ်မှုများကိုလည်း ပြုလုပ်ကာ တရုတ်ရိုးရာယဉ်ကျေးမှု ထွန်းကားလာအောင် ဆောင်ရွက်နေပါသည်။