တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့၏ အကြိမ် ၄၀ မြောက် စုပေါင်း သင်ယူလေ့လာပွဲကို ရှီကျင့်ဖိန် ဦးစီးကျင်းပ

(GMT+08:00)2022-06-20 17:41:06  

ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့၏ အကြိမ်၄၀ မြောက် စုပေါင်းသင်ယူလေ့လာပွဲကို ဦးစီးကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် က အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် အကြီးဆုံးသော နိုင်ငံရေးဖြစ်ပြီး ပြည်သူ့ဆန္ဒနှင့် သက်ဆိုင်သဖြင့် ရှုံးနိမ့်၍ မရသော အရေးကြီးသည့် နိုင်ငံရေးတိုက်ပွဲဖြစ်ကြောင်း၊ အခြေအနေသစ်အောက်တွင် ပါတီလုပ်နည်းလုပ်ဟန် ရိုးသားသန့်ရှင်းမှု တည်ဆောက် ရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး သိရှိနားလည်မှုကို ပိုမိုနက်ရှိုင်းစေပြီး အဂတိလိုက်စားမှု မဖြစ်စေခြင်း၊ အဂတိလိုက်စား မရခြင်း၊ အဂတိလိုက်စားမှု မလုပ်စေလိုခြင်းဆိုင်ရာ စွမ်းရည်နှင့်အရည်အချင်းကို မြှင့်တင်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် ဘက်စုံ အနိုင်ရရှိရန်လိုကြောင်း အလေးထားပြောကြားခဲ့ပါသည်။