ဘယ်လ်ဂျီယံတွင် Waterloo တိုက်ပွဲကို ပြန်လည်ဖော်ပြသည့် ပြပွဲ ပြုလုပ်

(GMT+08:00)2022-06-20 15:26:05  

ဘယ်လ်ဂျီယံနိုင်ငံ Waterlooတွင် ဇွန်လ ၁၈ ရက်နေ့က လူ ၂၀၀၀ ခန့်၊ မြင်း ၁၀၀ ကျော်နှင့် အမြောက် ၂၀ ကျော်ကို အသုံးပြုကာ Waterloo တိုက်ပွဲကို ပြန်လည်ဖော်ပြသည့် ပြပွဲကို ပြုလုပ်ခဲ့ကြောင်း၊ ၁၈၁၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ပြင်သစ်ဧကရာဇ် နပိုလီယံ ဦးဆောင်သော ပြင်သစ် စစ်တပ်နှင့် ဗြိတိန်မြို့စားကြီး Wellington ဦးဆောင်သော ဥရောပမဟာမိတ်တပ်ဖွဲ့သည် Waterlooတွင် စိတ်လှုပ်ရှား ဖွယ်ရာ အဆုံးအဖြတ်တိုက်ပွဲကို ဆင်နွှဲခဲ့ရာ ယင်းတိုက်ပွဲကို ၁၂ နာရီခန့်ကြာ ဆင်နွှဲပြီးနောက် နပိုလီယံ ရှုံးနိမ့်ကာ ပြီးဆုံးခဲ့ကြောင်း၊ Waterloo တိုက်ပွဲသည် ဥရောပသမိုင်းတွင် အဆုံးအဖြတ် သဘော အရှိဆုံးသော တိုက်ပွဲများထဲမှ တစ်ခုဖြစ်သည်ဟု ယူဆရကြောင်းChina Media Groupမှ သတင်းအရ သိရပါသည်။